အပစ်ဆိသူ ညီအကို
15 ၁၈.၁၅ လု ၁၇.၃ "နင်ရဲ့ ညီအကိုဟ နင့်ဟို ပစ်မားလျှင်၁၈.၁၅ တချို့ လက်ရေးမူများတွင် ပစ်မားလျှင်၊ မတွေ့ရ။ သူ့အပစ်ဟို ဟောပြဖို့ သူ့ဆေဟို သွားလော့။ အဲလိုလဲ နင်လို့ သီးသန့်တွေ့ပင်း ပြောလော့။ နင့်ရဲ့ စကားဟို နားထောင်ရင် အဲညီအကိုနဲ့ နင်ဟ ပြန်ယွေ့ သင့်မြတ်သွားလေပီ။