28 "အဲလိုလဲ အေးအစေခံဟ ထွက်သွားသောအခါ မိမိအား ငွေဒင်္ဂါးတရာ အကြွေးတင်သောသူ အစေခံချင်း တယောက်ဟို မျော်အယ်။ သူဟို ဖမ်းယွေ့ လည်ပင်းညစ်ပင်း ‘နင်ဆပ်ရန် ဆိသော အကြွေးဟို ပြန်ဆပ်လော့’ ဟု ဆိုအယ်။ 30 အဲလိုလဲ သူဟ လက်မခံဘဲနေအယ်။ အဲအစား သူဟ သွားပင်း အေးသူဟို သူယူထားလဲ့ အကြွေးအား ပြန်ဆပ်လဲ့တိုင်အောင် သူ့ဟို ထောင်ထဲထည့်ထားလေအယ်။