Pular para o conteúdo
Publicidade

မဿဲ 2

3 အဲအကျောန်းဟို ကြားသောအခါ ဟေရုဒ်မင်းကြီးဟ၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းလို့နဲ့တကွ ရမ်းဆာ့ တုန်လှုပ်ချောက်ချား လေအယ်။ 4 ဟေရုဒ်မင်းကြီးဟ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ လူလို့တွင် ကျမ်းပြုဆရာလို့ဟို စုဝေးစေယွေ့ မေဆှိယဟို ပစာအရပ်မှာ ဖွားမျော်မယ်ဟို သူလို့အား မေးမြန်းကြအယ်။

5 သူလို့ဟလည်း "ယုဒပြေ ဗက်လင်မြို့နှိုက် ဖြစ်အယ်" ဟု ပြန်ပြောအယ်။ "အကျောန်းမှာ ပရောဖက် တဦးရဲ့ ရေးသားချက်မှာ၊

6 " ‘အို၊ ယုဒပြေ ဗက်လင်မြို့၊

နင်ဟ ယုဒပြေဟို အုပ်ချုပ်သောမြို့လို့တွင် အသေးသိမ်ဆုံး မဟုတ်၊

အကျောန်းမှာ ငါရဲ့လူစု ဣသရေလအမျိုးဟို ယိုးမယ့် ခေါင်းဆောင်တဦး

နင်လို့အထဲမှာ ပေါ်ထွန်းလိမ့်မယ်’ ဟု ဆှောက်ထားအယ်။"

7 အဲပင်းရင် ဟေရုဒ်မင်းကြီးဟ နတ်က္ခပညာဆှင်လို့ဟို တိတ်တိတ်လေးခေါ်ပင်း မေးမြန်းရာတွင် သူလို့ဆေမှ ကြယ်ပေါ်ထွန်းသော အချိန်ကာလဟို အတိအကျ သိဆိသွားအယ်။ 8 "သွားယွေ့ လူပဲ့ငယ်ဟို ကြိုးစား ဆာကြမန့်။ နင်လို့ သူ့ဟို တွေ့သောအခါ ပြန်လာယွေ့ ငါဟို ပြောကြားလော့။ အဲလို့မှ ငါလည်း သွားယွေ့ အေးလူပဲ့ငယ်ဟို ဖူးမြော်ရအောန်" ဟု မှာထားလျက်၊ သူလို့အား ဗက်လင်မြို့ဟို စေလွှတ်လေအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.