Pular para o conteúdo
Publicidade

မဿဲ 22

23 ၂၂.၂၃ တ ၂၃.၈ အေးနေ့နှိုက်ပင် ဇဒ္ဒုကဲအချို့လို့ဟ ယေရှုဆေဟို လာကြအယ်၊ သူလို့ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်း မဆိဟု ခံယူယုံကြည်ကြသူများ ဖြစ်အယ်။ 24 သူလို့ဟ "ဆရာ၊ တစုံတယောက်ဟ သားသမီးမရဘဲ သေသွားရင် မုဆိုးမဟို သူရဲ့ ညီဖြစ်သူဟ ဆက်ယူရမယ်။ ရသော လူပဲ့သူငယ်များအားဖြင့် အစ်ကိုရဲ့ အမျိုးဟို မပြတ်စေရဟု မောရှေ မိန့်မှာခဲ့ပါအယ်။ 25 အခု ငါလို့တွင် ညီအကိုခုနေယောက် ဆိခဲ့ရာ အကိုကြီးဟ အိုင်ထောင်ကျပင်းနောက် လူပဲ့မဆိဘဲ သေဆုံးသွားလျက် သူရဲ့ပေါင်အိုမဟို သူ့ညီဆေ ထားခဲ့အယ်။ 26 ဒုတိယညီ၊ တတိယညီစသည်ဖြင့် ညီအကို ခုနေယောက်စလုံးပင် အေးတိုင်းတိုင်း ဖြစ်ကြပါအယ်။ 27 နောက်ဆုံးနှိုက် မိန်းမဟလည်း သေပါအယ်။ 28 သို့ဖြစ်ယွေ့ သေခြင်းမှ ဆှင်ပြန်ထမြောက်ရာနေ့နှိုက် အေးမိန်းမဟ ညီအကို ခုနေယောက်အနက် စသူရဲ့ ပေါင်အိုမ ဖြစ်ပါမလုန်း။ သူလို့အားလုံးဟ အေးမိန်းမနဲ့ လက်ထပ်ခဲ့ကြပါအယ်" ဟု မေးဆှောက်ကြအယ်။

29 ယေရှုဟ "နင်လို့သည် ကျမ်းစာ အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ တန်ခိုးတော်ဟိုလည်း မသိကြယွေ့ အယူလွဲလျက် နေကြအယ်။ 30 အကျောန်းမှာ သေခြင်းမှ ဆှင်ပြန်ထမြောက်ကြသောအခါ လက်ထပ်ထိမ်းမြားခြင်းဟို မပြု။ သူလို့ဟ ခေါန်းခင်နှိုက်ဆိသော ခေါန်းခင်တမန်များလို ဖြစ်ကြလိမ့်မယ်။ 31 သေသောသူလို့ရဲ့ ဆှင်ပြန်ထမြောက်ခြင်း အကျောန်းနဲ့ ပတ်သက်ယွေ့ နင်လို့အား ဘုရားသခင် မိန့်ခဲ့သောစကားဟို မဖတ်ဖူးကြသလော။ ဘုရားသခင်ဟ 32 ‘ငါဟ အာဗြဟံရဲ့ဘုရား၊ ဣဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား ဖြစ်အယ်’ ဘုရားသခင်ဟ သေသောသူလို့ရဲ့ ဘုရား မဟုတ်ဘဲ အသက်ဆှင်သော သူလို့ရဲ့ ဘုရား ဖြစ်အယ်" ဟု မိန့်အယ်။

33 အေးသွန်သင်ချက်ဟို လူအုပ်ကြီးလို့ ကြားသောအခါ သူလို့ဟ အံ့ဩကြအယ်။

ကြီးမြတ်သော ပညတ်တော်

(မာကု ၁၂.၂၈–၃၄; လုကာ ၁၀.၂၅–၂၈)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.