ယေရှုဟ ဗိမာန်တော် ပြိုပျက်မယ့်အကျောန်း မိန့်ခြင်း
1 ယေရှုဟ ဗိမာန်တော်မှ ထွက်ခွာသွားစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို ချဉ်းကပ်ပင်း ဗိမာန်တော် အဆောက်အအုံများဟို ကိုယ်တော်အား ပြကြအယ်။ 2 ကိုယ်တော်ဟ "ဟေအရာအားလုံးဟို နင်လို့ မျော်ကြအယ် မဟုတ်လော၊ နင်လို့အား ငါ အမန်အကန် ပြောတာဟ၊ ဟေနေရာနှိုက် ကျောက်တတုံးပေါ် တတုံးတင်ယွေ့ မကျန်ရစ်လဲ့ တိုင်အောန် ပြိုပျက်ကြလိမ့်မယ်" ဟု မိန့်အယ်။