ဆင်းရဲဒုက္ခများနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းများ
3 ယေရှုဟ သံလွင်တောင်ပေါ်တွင် တကိုယ်တည်း ထိန်နေစဉ် တဘဲ့တော်လို့ဟ အထံတော်ဟို သီးသန့် ချဉ်းကပ်ပင်း "ဟေအမူအရာများဟ ပစာကာလနှိုက် ဖြစ်ပျက်မလော။ ကိုယ်တော် ကြွလာချိန်နဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်နှိုက် ပစာနိမိတ်များ ပေါ်ထွန်းမလော။ ငါလို့အား မိန့်ပါ" ဟု ဆှောက်ထားကြအယ်။
4 ယေရှုဟ "နင်လို့အား စသူမျှ မလှည့်စားစေရန် သတိပြုလော့။ 5 အကျောန်းမှာ ရမ်းဆာ့သော လူလို့ဟ ငါ့ရဲ့နာမဟို ခံယူသုံးစွဲယွေ့ ရောက်လာကာ ‘ငါဟ မေဆှိယ ဖြစ်အယ်’ ဟု ပြောပင်း လူများလို့ဟို ဝါကြလိမ့်မယ်။ 6 နင်လို့ဟ စစ်ပွဲများအကျောန်းနဲ့ စစ်မက်သတင်းများဟို ကြားကြပေမဲ့ သတိပြုလျက် မထိတ်လန့်ကြနဲ့။ ဟေအမှုအရာများဟ ဖြစ်ပျက်ရပေမဲ့ ကပ်ကမ္ဘာကုန်ဆုံးချိန်ဟ မရောက်သေး။