ယေရှုဟို သတ်ရန်ကြံစည်ခြင်း
1 ယေရှုဟ ဟေသို့ ဟောပြောသွန်သင်ပင်းသောအခါ ကိုယ်တော်ဟ တဘဲ့တော်လို့အား 2 "နောက် နေရက်ကြာရင် ပသခါပွဲကျရောက်မယ်ဟို နင်လို့ သိကြအယ်။ အေးအခါ လူသားဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်စေရန် ရန်သူ့လက်ဟို အပ်ကြလိမ့်မယ်" ဟု မိန့်အယ်။
3 အေးအချိန်နှိုက်ပင် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူလို့ဟ ကယာဖ နာမယ်ဆိသော ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်ဝင်းအထဲမှာ စုရုံးလျက် နေကြပင်း၊ 4 သူလို့ဟ ယေရှုဟို တိတ်တိတ်လေး ဖမ်းဆီးယွေ့ သတ်ရန် ဆွေးနွေး တိုင်ပင်ကြအယ်။ 5 အဲလိုလဲ သူလို့ဟ "လူလို့ ရုန်းရင်းဆန်ခတ်ဖြစ်မယ်ဟို စိုးရိမ်စရာဆိသဖြင့် ပွဲတော်ရက်အတွင်းနှိုက် မဖမ်းဆီးကြနဲ့" ဟု ဆိုကြအယ်။
ဗေသနိရွာတွင် ယေရှုရဲ့ ခေါင်းပေါ်ဟို ဆီမွေးလောင်းခြင်း
6 ယေရှုဟ ဗေသနိရွာတွင် အရေပြားရောဂါ စွဲကပ်ခဲ့ဖူးသူ ရှိမုန်ရဲ့ နေအိုင်နှိုက် ဆိနေစဉ်၊ 7 ၂၆.၇ လု ၇.၃၇,၃၈ယေရှုဟ အစားအစာသုံးဆောင်လျက် နေသောအခါ အမျိုးသမီးတယောက်ဟ ရမ်းဆာ့အဖိုးကြီးသော ဆီမွှေးကျောက်ဖြူဖူးဟို ယူဆောင်ယွေ့ အထံတော်ဟို လာပင်းရင် အေးဆီမွှေးဟို ကိုယ်တော်ရဲ့ ခေါင်းပေါ် သွင်းချလေအယ်။ 8 အေးအရာဟို တဘဲ့တော်လို့မျော်ရင် အူထော့ယွေ့ "ပစာကျောန့် ဟေသို့ ဖြုန်းတီးလုန်း။ 9 ဟေဆီမွှေးဟို ပိတ်ဆန်အများနဲ့ ရောင်းပင်း ဆင်းရဲသူများဟို ပေးကမ်းသင့်အယ်" ဟု ဆိုကြအယ်။
10 ယေရှုဟ သူလို့ ပစာပြောနေတာဟို သိပင်း "ပစာကျောန့် ဟေအမျိုးသမီးဟို နင်လို့ နှောင့်ယှက်ကြလုန်း။ သူပြုသောအမှုဟ ရမ်းဆာ့ ဆှောက်ပတ်ပေအယ်။ 11 ဆင်းရဲသူများဟ နင်လို့နဲ့အမြဲ ဆိနေကြပေမဲ့ ငါဟတော့ နင်လို့နဲ့ အမြဲဆိနေမယ် မဟုတ်။ 12 ဟေအမျိုးသမီးဟ ငါ့အပေါ်ဟို ဆီမွှေးလောင်းတာဟ ငါရဲ့ရုပ်အလောင်းဟို သင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းပင် ဖြစ်အယ်။ 13 နင်လို့အား ငါ အမန်အကန် ပြောတာဟ သတင်းကောင်းဟို ကမ္ဘာအရပ်ရပ်တွင် ကြေညာသောအခါ ဟေအမျိုးသမီးဟို အောက်မေ့သတိရကြစေရန် သူပြုခဲ့သော ကောင်းမှုဟို ဟောကြားကြလိမ့်မယ်" ဟု မိန့်အယ်။
ယေရှုဟို သစ္စာဖောက်ရန် ယုဒ သဘောတူခြင်း
14 အေးနောက် တဆယ့်နေပါးထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ ယဇ်ပုရောဟိတ်ကြီးများ ဆေဟို သွားပင်း 15 "ယေရှုဟို နင်လို့လက်ဟို ငါအပ်ရင် နင်လို့ဟ ငါ့အား ပစာပေးမလုန်း" ဟု မေးအယ်။ အေးသူလို့ဟလည်း သူ့အား ငွေဒင်္ဂါးသုံးဆယ် ပေးကြအယ်။ 16 အေးအချိန်မှစယွေ့ ယုဒဟ ယေရှုအား ရန်သူ့လက်ဟို အပ်ရန် အခွင့်ကောင်း ဆာလျက်နေအယ်။
တဘဲ့တော်လို့နဲ့အတူ ပသခါပွဲ ညစာစားခြင်း
17 တဆေးမဲ့မုန့်ပွဲတော် ပထမနေ့နှိုက် တဘဲ့တော်လို့ဟ ယေရှုဆေဟို လာယွေ့ "ကိုယ်တော်အတွက် ပသခါပွဲညစာဟို ငါလို့ ပစာအရပ်တွင် ပြင်ဆင်စေလိုလုန်း" ဟု မေးဆှောက်ကြအယ်။
18 ကိုယ်တော်ဟ "မြို့ထဲဟို ဝင်ယွေ့ အေးသူဆေဟို သွားယွေ့ ဆရာဟ ‘ငါ့ရဲ့အချိန် နီးပီ၊ ငါ့တဘဲ့များနဲ့အတူ နင့်ရဲ့အိုင်တွင် ပသခါပွဲဟို ကျင်းပလိုအယ်’ ဟု မှာကြားလိုက်ကျောန်း ပြောကြလော့" ဟု မိန့်အယ်။
19 တဘဲ့တော်လို့ဟလည်း ယေရှုမိန့်လဲ့အတိုင်း လိုက်နာဆောင်ရွက်ယွေ့ ပသခါပွဲဟို အသင့်ပြင်ကြအယ်။
20 ညနေခင်းချိန်ရောက်သောအခါ ကိုယ်တော်ဟ တဆယ့်နေပါးလို့နဲ့အတူ စားပွဲတွင် ညစာစားဖို့ အတူထိန်ကြအယ်။ 21 သူလို့ဟ စားလျက်နေစဉ် ကိုယ်တော်ဟ "နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့ထဲမှတယောက်သည် ငါ့ဟို သစ္စာဖောက်လိမ့်မယ်" ဟု မိန့်အယ်။
22 တဘဲ့တော်လို့ဟ ရမ်းဆာ့ စိတ်မချမ်းမသာဖြစ်ကြလျက် စတင်ပင်း "သခင် ငါလော" ဟု တဦးပင်း တဦး မေးဆှောက်ကြအယ်။
23 ကိုယ်တော်ဟ "ငါနဲ့အတူ ပကန်တွင် နှိုက်ယွေ့ စားသောသူဟ ငါ့ဟို သစ္စာဖောက်လိမ့်မယ်။ 24 ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံရန် သွားရပေမဲ့ လူသားဟို ရန်သူလက်သို့ အပ်သောသူဟ အမင်္ဂလာဆိအယ်။ မွေးဖွားခြင်းဟို မခံရရင် သူအဖို့ ကောင်းသေးအယ်" ဟု မိန့်အယ်။
25 အဲပင်းရင် ကိုယ်တော်ဟို ရန်သူလက်သို့ အပ်မယ့်သူ ယုဒဟ "ဆရာ၊ ငါလော" ဟု မေးဆှောက်ရင်
ကိုယ်တော်ဟ "နင်ပြောလဲ့အတိုင်းပင် မန်အယ်" ဟု မိန့်အယ်။
ပွဲတော်မင်္ဂလာ
26 ယေရှုဟ သူလို့ စားလျက်နေစဉ် မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်ဟိုဖဲ့ယွေ့ "ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်၊ ယူယွေ့ စားကြလော့" ဟု မိန့်ပင်းရင် တဘဲ့တော်လို့အား ပေးအယ်။
27 အဲပင်းရင် မုတ်ဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းနောက် တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ "နင်လို့အားလုံး ဟေမုတ်ဟို သောက်ကြလော့။ 28 ဟေစာဟ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်သော လူတို့အပစ် ဖြေလွှတ်ရန်အတွက် သွန်းသော ငါရဲ့ အသွေးဖြစ်အယ်။