နှစ်ခြင်းဆရာယောဟန်ရဲ့ ဟောပြောချက်
1 အဲအခါကာလနှိုက် နှစ်ခြင်းဆရာ ယောဟန်ဟ ယုဒ တောကန္တာရဟို လာပင်း စတင် ဟောပြောအယ်။ 2 ၃.၂ မ ၄.၁၇; မာ ၁.၁၅"နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ" ဟု ဟောပြောလေအယ်။ 3 ပရောဖက် ဟေရှာယဟ၊
" ‘ထာဝရဘုရားအတွက် လမ်းဟို ပြင်ဆင်ကြလော့၊
သူရဲ့ လမ်းခရီးတော်ဟို ဖြောင့်တန်းအောန် ပြုကြလော့’ ဟု
တောကန္တာရနှိုက် လူတယောက် အော်လျက်နေအယ်" ဟူယွေ့ ဆိုထားတာဟ ယောဟန်ရဲ့အကျောန်းပင် ဖြစ်အယ်။
4 ယောဟန်ဟ ကုလားအုတ်မွေးနဲ့ ရက်သော အဝတ်ဟို ဝတ်ယွေ့၊ သူရဲ့ ခါးနှိုက် သားရေ ခါးကြိုးဟို စဲထားအယ်။ သူရဲ့ အစားအစာမှာ ပလံမစိမ်းနဲ့ တောပျားရည် ဖြစ်အယ်။ 5 ယေရုရှလင်မြို့၊ ယုဒပြေတပြေလုံးနဲ့ ယော်ဒန်မြစ် ပတ်ဝန်းကျင် တဆှောက်လုံးနှိုက်ဆိသော လူလို့ဟ ယောဟန်ဆေဟို လာကြအယ်။ 6 သူလို့ဟ မိမိလို့ရဲ့ အပစ်များဟို ဖော်ပြဝန်ခံကြပင်း၊ ယောဟန်ဟ ယော်ဒန်မြစ်တွင် သူလို့အား နှစ်ခြင်းဟို ပေးအယ်။