ဆားနဲ့ အလင်း
13 ၅.၁၃ မာ ၉.၅၀; လု ၁၄.၃၄,၃၅ "နင်လို့ဟ လောကရဲ့ ဆားနဲ့ တူကြအယ်။ အဲလိုလဲ ဆားဟ အငန်ပျောက်သွားရင်၊ ပစာလိုပြန်ပင်း ငန်အောန် လုပ်နိန်မလဲ။ ပစာမျှ သုံးစားရဘဲ အပြင်ဟို ဝဲလိုက်ယွေ့ လူလို့ဟ ခွနင်းသွားကြအယ်။
14 ၅.၁၄ ယော ၈.၁၂; ၉.၅ "နင်လို့ဟ လောကရဲ့ အလင်းနဲ့ တူကြအယ်။ တောင်ပေါ်မှာ တည်သောမြို့ဟို ဖုံးကွယ်ယွေ့ မထားနိန်။ 15 ၅.၁၅ မာ ၄.၂၁; လု ၈.၁၆; ၁၁.၃၃ဆီမီးဟို ထွန်းယွေ့ တောင်းနဲ့အုပ်ပင်း မထားတတ်ကြ။ အဲအစား အိုင်သူအိုင်သားအပေါင်းလို့ အလင်းရောင်ရစေရန် ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြအယ်။ 16 ၅.၁၆ ၁ ပေ ၂.၁၂အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။