Pular para o conteúdo
Publicidade

မဿဲ 6

25 "အဲကျောန့် ငါ နင်လို့ဟို ပြောတာဟ၊ နင်လို့ ဖဝါ့အတွက် ပစာစားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ်အကျောန်းဟို မစိုးရိမ်ကြနဲ့။ ဖယ်လိုဝတ်ရမယ်ဟို ခန္ဓာကိုယ်အတွက် မစိုးရိမ်ကြနဲ့။ အသက်ဟ အစားအသောက်ထက် လည်းကောင်း၊ ခန္ဓာကိုယ်ဟ အဝတ်ထက် လည်းကောင်း ပိုယွေ့ အရေးကြီးတာ မဟုတ်လော။ 26 မိုးခေါန်းခင်နှိုက် ကျင်လည်သော ငက်များဟို ကျေ့ရှုဆင်ခြင်ကြလော့။ သူလို့ဟ မျိုးစေ့ဟို မကြဲ အဲဟာမဟုတ်ရင် စပါးများဟို မရိတ်မသိမ်း အဲဟာမဟုတ်ရင် ကျီများတွင် လှောင်မှုဟို မပြု၊ အားပင်း ခေါန်းခင်ဘုံဆှင် နင်လို့အဖဟ သူလို့ဟို ကျွေးမွေးအယ်။ နင်လို့ဟ ငက်များထက် ရမ်းဆာ့ ပိုယွေ့ အဖိုးတန်ကြအယ် မဟုတ်လော။ 27 နင်လို့တွင် စသူဟ စိုးရိမ်ခြင်းအားဖြင့် မိမိရဲ့အသက်ဟို နှစ်ကတီလောက် ပိုပင်း ရှည်စေနိန်သလော။၆.၂၇ အသက်ဟို နှစ်ကတီလောက် ပိုပင်း ရှည်စေနိန်သလော၊ အဲဟာမဟုတ်ရင် အနည်းငယ် ပိုယွေ့ ကြီးထွားအယ်။

28 "နင်လို့ဟ ပစာကျောန့် အဝတ်အတွက် စိုးရိမ်ကြလုန်း။ တောနှင်းပန်းများ စလိုဆှင်သန်လာတာဟို ကျေ့ရှုဆင်ခြင်ကြလော့။ အဲပန်းပင်လို့ဟ အလုပ်လည်း မလုပ် အဲဟာမဟုတ်ရင် ချေဖြစ်စေဖို့ မငင်မဝင့်။ 29 အဲလိုလဲ နင်လို့ဟို ငါပြောတာဟ ရမ်းဆာ့ ချမ်းသာကြွယ်ဝပင်း ဘုန်းကြီးလဲ့ ရှောလမုန်မင်းကြီးပင်လျှင် အဲပန်းပင်တပင်မျှရဲ့ အလှဟို မမှီ။ 30 ယုံကြည်ခြင်း အားနည်းသောသူလို့၊ ခုနေ့ အသက်ဆှင်လျက် မနက်ခါ မီးဖိုထဲဟို ရောက်သော တောမြက်ပင်ဟို ဘုရားသခင်ဟ ဟေမျှလောက် ဆင်ယင်ပေးရင် နင်လို့ဟို ပိုကောင်းစွာ ဆင်ယင်ပေးမယ် မဟုတ်လော။

31 "အဲလိုမို့ ‘ငါလို့ ပစာလိုမျိုး စားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ် အဲဟာမဟုတ်ရင် ပစာလိုမျိုး ဝတ်ရမယ်’ ဟု မစိုးရိမ်ကြနဲ့။ 32 ဘုရားသခင်ဟို မသိသောသူလို့ဟ အဲလိုမျိုး စိုးရိမ်တတ်ကြအယ်။ ခေါန်းခင်ဘုံဆှင် နင်လို့ရဲ့အဖဟ အဲအရာအားလုံးဟို နင်လို့လိုကျောန်း သိအယ်။ 33 အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းဟို ဦးရင် ဆှာကြလော့၊ အားပင်း ဟေအရာအားလုံးလို့ဟို နင်လို့အား ထပ်ယွေ့ ပေးလိမ့်မယ်။ 34 အဲလိုမို့ မနက်ခါအဖို့ မစိုးရိမ်ကြနဲ့၊ မနက်ခါနေ့ဟ မိမိအဖို့ စိုးရိမ်လိမ့်မယ်။ ခုနေ့နှိုက်ဆိသော မကောင်းမသင့်သောအရာဟ အခုနေ့ဖို့ လောက်ပေအယ်။"

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.