9 အေးကျောန့် နင်လို့ ဟေလို့ ဆုတောင်းကြလော့၊
" ‘ခေါန်းခင်ဘုံနှိုက်ဆိလဲ့ ငါလို့အဖ၊
ကိုယ်တော်ရဲ့ နာမတော်အား ရိုသေလေးမြတ်ခြင်း ဆိစေမန့်။
10 နိုင်ငံတော် တည်ထောင်စေမန့်။
အလိုတော်ဟ ခေါန်းခင်ဘုံနှိုက် ပြေ့စုံသလိုမျိုး မြေကြီးပေါ်မှာ ပြေ့စုံစေမန့်။
11 အသက်မွေးဖို့ လိုအပ်လဲ့အစာဟို ငါလို့အား၆.၁၁ လိုအပ်သော အစာဟို ငါလို့အား၊ အဲဟာမဟုတ်ရင်ခုနေ့၊ အဲဟာမဟုတ်ရင် မနက်ခါ။ ခုနေ့ ပေးသနားမန့်။
12 သူတပါးဟ ငါလို့ဟို ပစ်မားလဲ့ အပစ်များဟို
ငါလို့ဟ လွှတ်သလိုမျိုး ငါလို့ရဲ့ အပစ်များဟို လွှတ်မန့်။
13 အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’၆.၁၃ တချို့ လက်ရေးမူကျမ်းများတွင် အစိုးပိုင်လဲ့အခွင့်နဲ့ ဘုန်းတန်ခိုး အာနုဘော်ဟ ကမ္ဘာအဆက်ဆက် ကိုယ်တော်နှိုက် ဆိအယ်။ အာမင်။ ဟို ပေါင်းထည့်ထားအယ်။ ဟု ဆုတောင်းကြလော့။