3 နင်လို့ဟ ကိုယ့်မျက်စေ့ထဲဟ သစ်တုံးဟို မမျော်ဘဲ ညီအကိုရဲ့ မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ပစာကျောန့် မျော်နေလုန်း။ 4 နင်လို့ရဲ့ မျက်စေ့ထဲဟ သစ်တုံးဆိနေလျက် ပစာကျောန့် ညီအကိုအား ‘နင့်ရဲ့မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ထုတ်ပေးမန့်’ ဟု စလိုပြောရဲလုန်း။ 5 ဟန်ဆောင်တတ်သောသူ၊ ကိုယ်မျက်စေ့နှိုက်ဆိသော သစ်တုံးဟို ဦးရင် ဖယ်ပစ်လော့၊ နောက်မှ ညီအကို မျက်စေ့နှိုက်ဆိသော ငြောင့်သငယ်ဟို ထုတ်ပစ်ခြင်းငှာ နင်ဟ ဆှင်းလင်းစွာ မျော်လိမ့်မယ်။