Pular para o conteúdo
Publicidade

မဿဲ 8

28 ယေရှုဟ အိန်တဖက်ကမ်းဆိ ဂါဒရနယ်ဟို ရောက်လာသောအခါ၊ နတ်ဆိုးစွဲသူ လူနေယောက်ဟ လုတ်တိုင်းဂူများ အကြားမှ ထွက်လာပင်း ကိုယ်တော်နဲ့ တွေ့ဆုံကြအယ်။ အဲသူလို့ဟ ရမ်းဆာ့ ဆိုးသွမ်းသဖြင့် စသူမျှ အဲလမ်းဟို မဖြတ်သွားနိန်ကြ။ 29 "ဘုရားသခင်ရဲ့ သားတော်၊ ကိုယ်တော်ဟ မစာသို့ ဆိုင်သလုန်း၊ အချိန်မကျခင် ငါလို့ဟို ညှဉ်းဆဲခြင်းရန် ကြွလာသလော" ဟု ဟစ်အော်ယွေ့ ဆှောက်ကြအယ်။

30 အဲသူလို့နဲ့ ကတစ်မျှဝေးသော နေရာတွင် ဝက်အုပ်ကြီးတအုပ်ဟ အစာစားလျက် ဆိအယ်။ 31 နတ်ဆိုးလို့လည်း ယေရှုအား "ငါလို့ဟို မောင်းထုတ်ရင်၊ အဲဝက်အစုထဲဟို ဝင် အခွင့်ပေးပါ" ဟု တောင်းပန်ကြအယ်။

32 ယေရှုဟ သူလို့အား "သွားကြလော့" ဟု မိန့်အယ်။ အဲလိုမို့ သူလို့ဟ ထွက်လာယွေ့ ဝက်ထဲဟို ဝင်ကြပင်း ဝက်အုပ်တအုပ်လုံးပင် ချောက်ကမ်းပါးအတိုင်း အိန်ထဲဟို ပြေးဆင်းကာ ယေထဲနှိုက် သေဆုံးကြအယ်။

33 ဝက်ကျောင်းသောသူလို့ဟလည်း ပြေးယွေ့ မြို့ထဲသို့ ဝင်ပင်းရင်၊ နတ်ဆိုးစွဲသောသူလို့ရဲ့ အကျောန်းမှစပင်း ဖြစ်လေသမျှလို့ဟို ကြားပြောကြအယ်။ 34 အဲလိုမို့ လူတိုင်းဟ ယေရှုဟို တွေ့ရန် မြို့ထဲမှ ထွက်လာကြအယ်၊ အားပင်း သူလို့ဟ ယေရှုဟို မျော်သောအခါ၊ မိမိလို့ပြေမှ ထွက်ခွာသွားရန် ကိုယ်တော်ဟို တောင်းပန်ကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.