Pular para o conteúdo
Publicidade

မဿဲ 8

5 ကပေနောင်မြို့ဟို ယေရှု ဝင်သောအခါ ရောမ တပ်မှူးတယောက်ဟ ကိုယ်တော်နဲ့ တွေ့ဆုံပင်း သူ့ဟို ကူညီဖို့ တောင်းပန်ပင်း 6 "ဆရာ၊ ငါ့ရဲ့ အစေခံတယောက်ဟ ရမ်းဆာ့ဝေဒနာ ခံစားပင်း မရွေ့နိန်ဘဲ နေအိုင်ရဲ့ အိပ်ယာထဲမှာ လဲယွေ့ နေအယ်" ဟု ဆှောက်အယ်။ 7 ယေရှုဟလည်း "ငါ လာယွေ့ သူ့ဟို ကျန်းမာစေမယ်" ဟု မိန့်အယ်။

8 တပ်မှူးဟ "ဆရာ၊ ငါ့ရဲ့ အိုင်မိုးအောက်ဟို ကိုယ်တော် ဝင်လာဖို့ မထိုက်တန်ပါ။ အမိန့်တော်ဟိုသာ ပေးပါ၊ အားပင်း ငါ့ရဲ့ အစေခံဟ ကျန်းမာစေလိမ့်မယ်။ 9 အကျောန်းမှာ ငါ့တတ်တိုင်းဟလည်း အထက်အာဏာအောက်နှိုက် ဆိသောသူတယောက် ဖြစ်ပင်း၊ ငါ့ရဲ့ လက်အောက်တွင် စစ်သားများ ဆိအယ်။ ဟေတယောက်ဟို ‘သွားမန့်’ ဟု ငါပြောရင် သူဟ သွားယွေ့၊ အခြားတယောက်ဟို ‘လာမန့်’ ဟု ပြောရင် သူဟ လာအယ်။ ငါ့ရဲ့ အစေခံအား ‘ဟေအရာဟို လုပ်ပါ’ ဟု ပြောရင် သူဟ လုပ်အယ်" ဟု ဆှောက်အယ်။

10 ဟေစကားဟို ယေရှု ကြားသောခါ၊ အံ့ဩယွေ့ နောက်ဟို လိုက်လာကြသော သူလို့အား "ငါ နင်လို့ဟို အမန်ပြောတာဟ၊ ဟေမျှလောက် ကြီးမားသော ယုံကြည်ခြင်းဆိသောသူ တစုံတယောက်ဟိုမျှ ဣသရေလအမျိုးထဲနှိုက် ငါ မတွေ့ဖူးသေး။ 11 ၈.၁၁ လု ၁၃.၂၉နင်လို့အား အမန်အကန် ငါပြောတာဟ ရမ်းဆာ့သောလူလို့ဟ အဆေ့အရပ်နဲ့ အနောက်အရပ်မှ လာယွေ့ ခေါန်းခင်နိုင်ငံတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့နဲ့အတူ ထိန်ပင်း စားသောက်ကြလိမ့်မယ်။ 12 ၈.၁၂ မ ၂၂.၁၃; ၂၅.၃၀; လု ၁၃.၂၈အဲလိုလဲ နိုင်ငံတော်သား ဖြစ်သင့်သောသူလို့မူကား အပြင်မိုက်ထဲဟို လောထုတ်ခြင်းဟို ခံရကြလိမ့်မယ်၊ အဲအရပ်တွင် သူလို့ဟ ငိုကြွေးမြည်တမ်းယွေ့ အံသွားခဲကြိတ်လျက် နေကြလိမ့်မယ်" ဟု မိန့်အယ်။ 13 အဲပင်းရင် ယေရှုဟ တပ်မှူးအား "နေအိုင်ဟို သွားလော့၊ နင်ယုံကြည်လဲ့အတိုင်း ဖြစ်လိမ့်မယ်" ဟု မိန့်အယ်။

အားပင်း အေးအချိန်နှိုက်ပင် တပ်မှူးရဲ့ အစေခံဟ ရောဂါပျောက်လေအယ်။

ယေရှုဟ ရမ်းဆာ့သောလူဟို ကျန်းမာစေခြင်း

(မာကု ၁.၂၉–၃၄; လုကာ ၄.၃၈–၄၁)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.