အရာဆိရဲ့ သမီးနဲ့ ယေရှုရဲ့ အဝတ်တော်ဟို တို့ထိသော မိန်းမ
18 ယေရှုဟ ဟေသို့ မိန့်မြွတ်လျက်နေခါ၊ ယုဒ အရာဆိတယောက်ဟ ကိုယ်တော်ဆေဟို လာပင်း ဆေ့တော်နှိုက် ဒူးထောက်လျက် "ငါ့ရဲ့ သမီးဟ အခုပင် သေဆုံးသွားအယ်။ အဲလိုလဲ လာယွေ့ သူ့အပေါ်မှာ ကိုယ်တော်ရဲ့ လက်တော်ဟို တင်ရင် သူဟ အသက်ဆှင်လာလိမ့်မယ်" ဟု ဆှောက်အယ်။
19 အဲလိုမို့ ယေရှုဟ ထယွေ့ အဲသူနောက်ဟို လိုက်ပင်း တဘဲ့တော်လို့လည်း ကိုယ်တော်နဲ့အတူ လိုက်သွားကြအယ်။
20 တဆယ့်နေနှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသော မိန်းမတယောက်ဟ ယေရှုရဲ့နောက်ဟို ချဉ်းကပ်ပင်းရင်၊ အဝတ်တော် အမြိတ်ဟို တို့အယ်။ 21 "ကိုယ်တော်ရဲ့ အဝတ်တော်ဟိုမျှ လက်နဲ့ တို့ထိရရင်ပင် ငါရဲ့ ရောဂါပျောက်လိမ့်မယ်" ဟု သူ့တတ်တိုင်း ပြောဆိုအယ်။
22 ယေရှုဟ လှည့်ယွေ့ ကျေ့ရင် အဲမိန်းမဟို မျော်သဖြင့် "ငါ့သမီး၊ မစိုးရိမ်နဲ့။ နင်ရဲ့ယုံကြည်ခြင်းဟ နင်ရဲ့ ရောဂါပျောက်စေပီ" ဟု မိန့်အယ်။ အဲအချိန်နှိုက်ပင် အဲမိန်းမရဲ့ရောဂါ ပျောက်လေအယ်။
23 အဲပင်းရင် ယေရှုဟ အရာဆိနေအိုင်ဟို ရောက်အယ်။ အသုဘအတွက် တီးမှုတ်သူလို့နဲ့ အုန်းအုန်းသဲသဲ ပြုကြသော သူများဟို ကိုယ်တော် မျော်သောအခါ၊ 24 ယေရှုဟ "ဖယ်ဆှားကြလော့။ မိနီငယ်သေတာ မဟုတ် အိပ်မွေ့လျက်သာ နေအယ်" ဟု မိန့်အယ်။ အဲပင်းရင် သူလို့အားလုံးဟ ယေရှုဟို လှောင်ကြအယ်။ 25 ယေရှုဟ လူလို့ဟို အပြင်ဟို ထွက်စေပင်းနောက်၊ ကိုယ်တော်ဟ အခန်းထဲဟို ဝင်ယွေ့ မိနီငယ်ရဲ့ လက်ဟို ကိုင်ရာ၊ မိနီငယ်ဟ ထလေအယ်။ 26 အဲသတင်းဟ တပြေလုံးနှိုက် နှံ့ပြားကျော်စောလေအယ်။