2 လူအချို့လို့ဟ အိပ်ယာပေါ်နှိုက် လဲလျောင်းနေလဲ့ လေဖြတ်သူ လူတယောက်ဟို ကိုယ်တော်ဆေဟို ခေါ်ခဲ့ကြအယ်။ ယေရှုဟ အဲသူလို့ရဲ့ ယုံကြည်ခြင်းဟို မျော်သောအခါ လေဖြတ်သူအား "ငါ့သား အားမငယ်နဲ့။ နင်ရဲ့အပစ်ဟို လွှတ်ပီ" ဟု မိန့်အယ်။
3 အဲပင်းရင် ကျမ်းတတ်ဆရာအချို့လို့ဟ "ဟေသူသည် ဘုရားသခင်ဟို ပစ်မား ပြောဆိုလေပီ" ဟု အချင်းချင်း ပြောဆိုကြအယ်။
4 ယေရှုဟ အဲသူလို့ တွေးတောပုံဟို သိမျော်သဖြင့် "နင်လို့ဟ ပစာကျောန့် ဟေလို့မားယွင်းစွာ တွေးနေကြလုန်း။ 5 ‘နင်ရဲ့ အပစ်ဟို ဖြေလွှတ်ပီ’ ဟု ပြောရန် ပိုယွေ့ လွယ်ကူသလော၊ အဲဟာမဟုတ်ရင် ‘ထပင်း လှမ်းသွားလော့’ ဟု ပြောရန် ပိုယွေ့ လွယ်ကူသလော။ 6 အဲပင်းရင်၊ လူသားဟ လောကတွင် အပစ်ဖြေလွှတ်ပိုင်တာဟို ငါ နင်လို့ဟို သက်သေပြမယ်။" အဲလိုမို့ ကိုယ်တော်ဟ လေဖြတ်သူအား "ထလော့၊ အိပ်ယာဟို မပင်း နေအိုင်ဟို ပြန်လော့" ဟု မိန့်အယ်။
7 အဲသူဟလည်း ထယွေ့ နေအိုင်ဟို ပြန်လေအယ်။