Pular para o conteúdo
Publicidade

ရောမ 1

22 သူလို့ဟ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ ဟောကြပေမဲ့လည်း သူလို့ဟ ပညာမဲ့သူများ ဖြစ်ကြအယ်။ 23 သူလို့ဟ မသေနိန်သော ဘုရားသခင်ဟို ကိုးကွယ်ရမဲ့အစား သေတတ်သောလူ၊ ငက်များ၊ အကောင်များ၊ တွားတတ်သော သတ္တဝါများနဲ့ တူလဲ့ ရုပ်တုများဟို သူလို့ ဝတ်ပြုကိုးကွယ်ကြအယ်။

24 အေးကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ စိတ်နေလုံး ဆန္ဒများဖြစ်လဲ့ စုတ်ပဲ့သောအရာများဟို ပြုလုပ်ရန် လူလို့အား ပေးခဲ့ပင်း သူလို့ဟ အချင်းချင်းအား ခန္ဓာကိုယ်ဟို ဆှက်စရာကောင်းလဲ့ အရာများဟို ပြုလုပ်ခဲ့အယ်။ 25 သူလို့ဟ ဘုရားသခင်နဲ့ ပတ်သက်လဲ့ အမန်တရားကို လိမ်လည်လှည့်စားခြင်းနဲ့ လဲလှယ်ပင်း သူလို့ဟ ထာဝရကာလတိုင်အောန် ချီးမွန်း ကိုးကွယ်ရမဲ့ ဖန်ဆင်းဆှင်ဟို ပယ်လောယွေ့ ဖန်ဆင်းထားသော အရာများဟို ကိုးကွယ်ကြအယ်။

26 သူလို့ဟ အေးလို့ လုပ်ကြသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ဆှက်ဖို့ကောင်းလဲ့ ကိလေသာ လက်ဟို အပ်လိုက်အယ်။ သူလို့ထဲမှ မိန်းမများပင် သဘာဝများဟို ဆန့်ကျင်ပင်း သဘာဝမဟုတ်လဲ့ အပြုမူများဘက်ဟို လိုက်ကြအယ်။ 27 အေးနည်းအတိုင်း ယောက်ျားလို့ဟလည်း မိန်းမနဲ့ သဘာဝအတိုင်း ဆက်ဆံမှုဟို မပြုဘဲ ယောက်ျားအချင်းချင်း ကိလေသာစိတ် ဆိကြအယ်၊ ယောက်ျားလို့ဟ အချင်းချင်း ဆှက်ဖွယ်သောအမူလို့ဟို လုပ်ကြသဖြင့် မိမိလို့မားယွင်းလဲ့ အကျင့်အတွက် အပစ်ဒဏ်ဟို သူလို့တတ်တိုင်း ခံရကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.