6 ၁၂.၆–၈ ၁ ကော ၁၂.၄–၁၁ငါလို့ တဦးစီအား ပေးသော ကျေးဇူးတော်အရ ငါလို့တွင် ကွဲပြားသော ဆုကျေးဇူးများ ဆိကြအယ်။ နင်လို့ရဲ့ ဆုကျေးဇူးဟ ပရောဖက်ပြုခြင်း ဖြစ်ရင် နင်ရဲ့ ယုံကြည်ခြင်းနဲ့အညီ ပရောဖက်ပြုကြလော့။ 7 အစေခံသောသူဖြစ်ရင် အစေခံခြင်းအမှုဟို လုပ်လော့၊ သင်ကြားပေးသောသူဖြစ်ရင် သင်ကြားခြင်းအမှုဟို လုပ်လော့။ 8 ခွန်အားပေးသောသူဖြစ်ရင် အေးခွန်အားပေးခြင်း အမှုဟို ပေးလော့၊ ပေးကမ်းသူဖြစ်ရင် ရက်ရောစွာ ပေးကမ်းလော့၊ ယိုးသောသူဖြစ်ရင် လုံ့လဝီရိယနဲ့ လုပ်ဆောင်လော့၊ ကရုဏာဟို ပြခြင်းဟို ပြုလုပ်သောသူဖြစ်ရင် ရက်ရောစွာနဲ့ လုပ်လော့။