5 အချို့လူများရဲ့ နေ့ရက်တရက်ဟ တခြားနေ့များထက် ပိုပင်း အရေးကြီးအယ်ဟု ထင်ကြပင်း တချို့ကမူ တူညီသောနေ့ရက်များ ဖြစ်အယ်လို့ ထင်ကြအယ်။ ငါလို့ တဦးစီဟ ငါလို့ရဲ့ စိတ်ဟို ခိုင်မာအောန် ပြုလုပ်သင့်အယ်။ 6 နေ့ရက်ကို စောင့်ထိန်းသောသူဟ သခင်ဘုရားအတွက် စောင့်ထိန်းအယ်။ စားသောသူဟလည်း သခင်ဘုရားအတွက် စားအယ်။ အကျောန်းမှာ သူဟ ဘုရားသခင်ဟို ကျေးဇူးတင်အယ်၊ မစားသောသူဟလည်း သခင်ဘုရားအတွက် မစားဘဲ နေယွေ့ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
Publicidade
Publicidade