6 ဘုရားသခင်ဟ လူအယောက်စီတိုင်းဟို မိမိလို့ လုပ်ခဲ့လဲ့အရာအတိုင်း အကျိုးအပစ်ဟို ပေးလိမ့်မယ်။ 7 တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။ 8 တချို့လူတွေဟ တကိုယ်ကောင်းဆန်လဲ့ သဘောဆိယွေ့၊ အမန်တရားဟို ငြင်းပယ်ပင်း မကောင်းသော အရာများနောက်ဟို လိုက်ကြသူများဟို ဘုရားသခင်ဟ သူရဲ့ ဒေါသနဲ့ အူထော့တာဟို သူလို့ အပေါ်မှာ သွန်းလောင်းလိမ့်မယ်။ 9 အရင်ဆုံး ယုဒလူ၊ အဲပင်းရင် လူမျိုးခြားလို့ မကောင်းတာဟို လုပ်သူအပေါင်းလို့ဟ ဆင်းရဲဒုက္ခဝေဒနာနဲ့ နာကျင်မှုဝေဒနာဟို ခံရကြမယ်။ 10 အဲလိုလဲ ဦးရင် ယုဒလူ၊ အေးနောက် လူမျိုးခြားလို့တွင် ကောင်းတာလုပ်သူလို့အား ဘုရားသခင်ဟ ဘုန်းတော်ဟို လည်းကောင်း၊ ဂုဏ်အသရေနဲ့ ငြိမ်သက်ခြင်းဟို လည်းကောင်း ပေးလိမ့်မယ်။ 11 အကျောန်းမှာ ဘုရားသခင်ဟ လူတိုင်းဟို မျက်နှာမလိုက်ဘဲ တရားစီရင်အယ်။