ဘုရားသခင် အဆေ့နှိုက် ငါလို့ စလို ဖြောင့်မတ်လုန်း
21 အဲလိုလဲ အခုအခါနှိုက် ပညတ်တရားနဲ့ ပရောဖက်များ သက်သေခံသော ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟ ပညတ်တရား မပါဘဲ ထင်ဆှားလေပီ။ 22 ၃.၂၂ ဂလာ ၂.၁၆ဘုရားသခင်ဟ လူတွေအား ယေရှု ခရစ်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေအယ်။ ခရစ်တော်ဟို ယုံကြည်သောသူ အပေါင်းလို့အား ဘုရားသခင်ဟ အေးအရာများဟို ပြုအယ်။ ပစာကို့ဆိုသော် လူအားလုံးဟ လုံးဝခြားနားခြင်း မဆိသောကျောန့် ဖြစ်အယ်။ 23 လူတိုင်းဟ အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။ 24 အဲလိုလဲ ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ကျောန့် သူလို့ဟို ယေရှု ခရစ်ရဲ့ ရွေးနုတ်ခြင်းအားဖြင့် ဖြောင့်မတ်ရာဟို ရောက်စေအယ်။