ဘုရားသခင်နဲ့ မန်ကန်ခြင်း
1 အခု ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်း ဖြစ်သောကျောန့် ငါလို့၅.၁ ငါလို့၊ တချို့ လက်ရေးမူကျမ်းများတွင် ငါလို့မှာ ဆိရအောင်၊ ဟူယွေ့ ပါဆိအယ်။သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင်နဲ့ ငြိမ်းချမ်းမှုဟို ရကြအယ်။ 2 သူဟ အခု ငါလို့ အသက်ဆှင်နေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲနှိုက် ယုံကြည်ခြင်းအားဖြင့် ငါလို့ဟို ခေါ်ဆောင်လာခဲ့အယ်။ အဲလိုမို့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ရဆိမယ်လို့ မျော်လင့်ချက်နဲ့ ငါလို့ ဝါကြွားခြင်း၅.၂ ငါလို့ ဝါကြွားခြင်း၊ အဲဟာမဟုတ်ရင် ဝါကြွားကြစို့။ ဖြစ်အယ်။