3 ဆင်းရဲဒုက္ခများဟိုလည်း ငါလို့ ဝါကြွားကြအယ်၊ ပစာကို့ ဆင်းရဲဒုက္ခဟ သည်းခံခြင်းဟို ဖြစ်စေတတ်ကျောန်း ငါလို့ သိကြအယ်။ 4 သည်းခံခြင်းဟ ဘုရားသခင်ရဲ့ မျက်နှာသာကို ရဆိစေပင်း၊ သူရဲ့ မျက်နှာသာ ပေးခြင်းဟလည်း မျော်လင့်ချက်ဟို ဖန်တီးပေးပါအယ်။ 5 အဲဒီ မျော်လင့်ချက်ဟ ငါလို့ဟို စိတ်ပျက်စေမှာ မဟုတ်၊ အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ပေးသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ မေတ္တာတော်ဟို ငါလို့ စိတ်နေလုံးထဲဟို သွန်းလောင်းအယ်။
Publicidade
Publicidade