9 အဲလိုမို့ သူရဲ့ အသွေးတော်အားဖြင့်၅.၉ သူရဲ့ အသွေးတော်အားဖြင့်၊ အဲဟာမဟုတ်ရင် သူရဲ့ အသေခံယဇ်ပူဇော်ခြင်းအားဖြင့်။ အခု ငါလို့ဟ ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်းမှ၊ အေးမျှမက ဘုရားသခင်ရဲ့ အူထော့ခြင်းမှ သူ့အားဖြင့် ကယ်တင်ခြင်းဟို ရဆိကြလိမ့်မယ်။ 10 ငါလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်ခဲ့ကြသော်လည်း သူရဲ့သားတော် အသေခံခြင်းအားဖြင့် ငါလို့အား မိတ်ဆွေ ဖြစ်စေအယ်။ အခု ငါလို့ဟ ဘုရားသခင်ရဲ့ မိတ်ဆွေများ ဖြစ်လာကြပီ ဖြစ်လဲ့အတွက် ခရစ်တော်ရဲ့ အသက်အားဖြင့် ကယ်တင်ခြင်းဟို ပိုယွေ့ ခံရကြလိမ့်မယ်။ 11 အဲလိုလဲ အေးဟာ သာမကဘဲ ဘုရားသခင်ဟ ငါလို့အား ကိုယ်တော်ရဲ့ မိတ်ဆွေဖြစ်သော ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင် ပြုသောအမှုကျောန့် ငါလို့ ဝမ်းမြောက်ကြအယ်။
Publicidade