Pular para o conteúdo
Publicidade

ရောမ 6

12 နင်လို့ဟ ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒဟို လိုက်ရန် နင်လို့ရဲ့ သေတတ်သော ခန္ဓာကိုယ်ကို အပစ်အား အစိုးမရစေနဲ့။ 13 မကောင်းသော ရည်ရွယ်ချက်နှိုက် အသုံးပြုရန် နင်လို့ရဲ့ ကိုယ်အင်္ဂါများဟို အပစ်အား မဆက်သစေနဲ့။ အဲအစား၊ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူလိုမျိုး နင့်ရဲ့ မန်ကန်လဲ့ ရည်ရွယ်ချက်အတွက် အသုံးပြုရန် ကိုယ်အင်္ဂါတခုလုံးဟို ဘုရားသခင်အား ဆက်သကြလော့။ 14 အပစ်တရားဟ နင်လို့ရဲ့ သခင် မဖြစ်စေနဲ့၊ နင်လို့ဟ ပညတ်တရား လက်အောက်နှိုက် ဆိတာမဟုတ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် ဆိကြသောကျောန့် ဖြစ်အယ်။

ဖြောင့်မတ်ခြင်းတရားရဲ့ ကျွန်များ

15 အေးလို့ဖြစ်ရင် စလိုလဲ၊ ငါလို့ဟ ပညတ်တရား အောက်နှိုက်မဆိတော့ဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတရား အောက်နှိုက်ဆိကြသဖြင့် အပစ်ကျူးလွန်ရမယ်လော၊ အေးလို့မလုပ်ရ။ 16 နင်လို့ဟ တစုံတဦးအား မိမိတတ်တိုင်း ဆက်သယွေ့ ကျွန်အဖြစ် နာခံရင် နင်လို့ဟ နင်လို့နာခံသော ကျွန်ဖြစ်ကြပင်း သေခြင်းဟို ရောက်စေလဲ့ အပစ်ရဲ့ ကျွန် အဲဟာမဟုတ်ရင် ဖြောင့်မတ်ခြင်းဟို ရောက်စေလဲ့ နာခံမှုရဲ့ ကျွန်ဖြစ်တတ်အယ်ဟု နင်လို့ မသိကြသလော။ 17 နင်လို့ဟ တချိန်ဟ အပစ်တရားရဲ့ ကျွန် ဖြစ်ဖူးသော်လည်း နင်လို့ ရဆိသော သင်ကြားမှုတွင် တွေ့ရသော အမန်တရားများဟို စိတ်နေလုံးအကြွင်းမဲ့ နာခံခဲ့သောကျောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်။ 18 နင်လို့ဟ အပစ်တရားမှ လွတ်မြောက်ကြပင်း၊ ဖြောင့်မတ်ခြင်းရဲ့ ကျွန် ဖြစ်လာအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.