21 အေးကျောန့် ပညတ်တရားဟာ အလုပ်ဖြစ်နေပီ ဆိုတာဟို ငါ တွေ့ဆိခဲ့အယ်၊ ငါကောင်းသောအမှုဟို ပြုလိုသောအခါ၊ မကောင်းသောအကျင့်ဟို ငါ ကျင့်ချင်သောစိတ် ဆိအယ်။ 22 ငါရဲ့ အတွင်းစိတ်ဟ ဘုရားသခင်ရဲ့ ပညတ်တရားနှိုက် မွေ့လျော်ပါအယ်။ 23 အဲလိုလဲ ငါ့ရဲ့ ခန္ဓာကိုယ် အထဲမှာဆိလဲ့ အခြား ပညတ်တရား အလုပ်တခုဟို ငါ မျော်ရအယ်၊ ငါ့ရဲ့ စိတ်ထဲမှ လက်ခံလဲ့ ပညတ်နဲ့ ဆန့်ကျင်သော ပညတ် ဖြစ်အယ်။ ၎င်းဟ ငါ့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေလဲ့ အပစ်တရားရဲ့ ပညတ်တရားဟို အကျဉ်းကျစေအယ်။
Publicidade