24 ငါဟ မပျော်ရွင်လဲ့ လူပါလား၊ ငါ့ဟို သေစေတတ်သော ဟေခန္ဓာကိုယ်မှ ငါ့ဟို စသူ ကယ်တင်နိန်မှာလုန်း။ 25 ငါလို့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်လွှတ်သော ဘုရားသခင်ရဲ့ ကျေးဇူးဟ ကြီးလှပေအယ်။
အချုပ်အားဖြင့် ငါရဲ့ ဖြစ်ရပ်ဟို ဖော်ပြရသော် ငါဟ စိတ်အားဖြင့် ဘုရားသခင်ရဲ့ တရားတော်အောက်နှိုက် အစေခံသော်လည်း ဇာတိသဘောအားဖြင့် အပစ်တရားအောက်နှိုက် အစေခံအယ်။