Pular para o conteúdo
Publicidade

ရောမ 8

အနာဂတ် ဘုန်းအသရေ

18 အခု လက်ဆိကာလနှိုက် ငါလို့ခံရကြလဲ့ ဆင်းရဲဒုက္ခဟို ငါလို့အား ပေါ်လွင်ထင်ဆှားမဲ့ ဘုန်းအသရေနဲ့ နှိုင်းယှဉ်ယွေ့ မရဟု ငါထင်အယ်။ 19 ဟေလောကဟ ဘုရားသခင် သားလို့ရဲ့ ပေါ်ထွန်းခြင်းအရာဟို ရမ်းဆာ့ တောင့်တ မျော်လင့်လျက်နေအယ်။ 20 ဖန်ဆင်းခြင်းဟ စိတ်ပျက်ခြင်းနဲ့ ကြုံတွေ့လာခဲ့တာဟ ကိုယ်ပိုင်ရွေးချယ်မှုကျောန့် မဟုတ်ဘဲ ဘုရားသခင်ရဲ့ အလိုတော်ကျောန့် ဖြစ်အယ်။ အဲလိုမို့ မျှော်လင့်ချက် ဆိအယ်။ 21 ဖန်ဆင်းခံ လောကတတ်တိုင်း ယိုယွင်းပျက်ဆီးခြင်းရဲ့ ကျွန်အဖြစ်မှ လွတ်မြောက်ပင်း ဘုရားသခင်ရဲ့ လူပဲ့သငယ်များရဲ့ ဘုန်းအသရေနဲ့ ပြေ့သော လွတ်လပ်ခြင်းဟို ဆောင်ယူခံရလိမ့်မယ်။ 22 ဖန်ဆင်းခြင်း တခုလုံးဟ အခုကာလအချိန်အထိ လူပဲ့မွေးဖွားခြင်း ဝေဒနာများလိုမျိုး ညည်းတွားမြည်တမ်းနေကျောန်း ငါလို့ သိကြပါအယ်။ 23 ၈.၂၃ ၂ ကော ၅.၂–၄ဖန်ဆင်းခံလောက သာမက ဝိညာဉ်တော်ရဲ့ အသီးအပွင့်များဆိသော ငါလို့တတ်တိုင်းလည်း ဘုရားသခင်ရဲ့ လူပဲ့များဖြစ်အောန် သူပြုလုပ်ခြင်း၊၈.၂၃ တချို့ လက်ရေးမူကျမ်းများတွင် လူပဲ့များဖြစ်အောန် သူပြုလုပ်ခြင်း၊ မပါဆိပေ။ ငါလို့ရဲ့ ခန္ဓာကိုယ် ရွေးနုတ်ခြင်းအတွက် စိတ်အားထက်သန်စွာ စောင့်မျော်နေစဉ်အတွင်း စိတ်ထဲနှိုက် ညည်းတွားနေကြအယ်။ 24 အကျောန်းမှာ ငါလို့ဟ မျော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်အယ်။ အဲလိုလဲ မျော်တွေ့ရလဲ့ မျော်လင့်ခြင်းဟ မျော်လင့်ခြင်း အမန် မဟုတ်ပါ။ အကျောန်းမှာ စသူဟ မျော်သောအရာဟို ဆက်ယွေ့ မျော်လင့်မယ်လော။ 25 အဲလိုလဲ ငါလို့မှာ မမျော်သေးလဲ့အရာဟို မျော်လင့်အယ်ဆိုရင် အေးအရာဟို စိတ်ဆှည်စွာနဲ့ စောင့်ဆိုင်းရအယ်။

26 အေးနည်းတူပင် ဝိညာဉ်တော်ဟ ငါလို့ရဲ့ အားနည်းချက်ဟို ကူညီပေးအယ်။ ငါလို့ စလို ဆုတောင်းရမယ်ဟို မသိကြပေမဲ့ ငါလို့ ဝိညာဉ်တော်တတ်တိုင်း စကားဖြင့် ဖော်ပြယွေ့ မရနိန်သော ညည်းတွားသံများဖြင့် ငါလို့အတွက် အသနားခံပေးအယ်။ 27 ငါလို့ စိတ်နေလုံးဟို စစ်ကြောစုံစမ်းသောသူဟ ဝိညာဉ်တော်ရဲ့ စိတ်သဘောဟိုလည်း သိအယ်။ ပစာကို့ ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီ သန့်ဆှင်းသူလို့အတွက် အသနားခံပေးအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.