26 အေးနည်းတူပင် ဝိညာဉ်တော်ဟ ငါလို့ရဲ့ အားနည်းချက်ဟို ကူညီပေးအယ်။ ငါလို့ စလို ဆုတောင်းရမယ်ဟို မသိကြပေမဲ့ ငါလို့ ဝိညာဉ်တော်တတ်တိုင်း စကားဖြင့် ဖော်ပြယွေ့ မရနိန်သော ညည်းတွားသံများဖြင့် ငါလို့အတွက် အသနားခံပေးအယ်။ 27 ငါလို့ စိတ်နေလုံးဟို စစ်ကြောစုံစမ်းသောသူဟ ဝိညာဉ်တော်ရဲ့ စိတ်သဘောဟိုလည်း သိအယ်။ ပစာကို့ ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီ သန့်ဆှင်းသူလို့အတွက် အသနားခံပေးအယ်။
Publicidade