28 ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း လုပ်ဆောင်စေယွေ့၈.၂၈ ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း လုပ်ဆောင်စေယွေ့၊ တချို့ လက်ရေးမူကျမ်းများတွင် ဘုရားသခင်ဟို ချစ်သော သူများအတွက် အရာအားလုံးသော အလုပ်လို့ဟ ကောင်းလာအယ်၊ ဟူယွေ့ ပါဆိအယ်။ ကောင်းကျိုးဖြစ်စေကျောန်းဟို ငါလို့ သိကြအယ်။ 29 ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။ 30 အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊ ခေါ်သောသူလို့လည်း ဖြောင့်မတ်ရာနှိုက် တည်စေအယ်၊ အေးလို့ ဖြောင့်မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း ဘုန်းတော် ထင်ဆှားစေအယ်။
ခရစ်တော် ယေရှုနှိုက် ဘုရားသခင်ရဲ့ မေတ္တာတော်
31 အဲလိုမို့ ဟေအရာနှိုက် စလို တုန့်ပြန်စရာ ဆိလုန်း၊ ဘုရားသခင်ဟ ငါလို့ဖက်နှိုက် ဆိရင် စသူဟ ငါလို့တဖက်နှိုက် နေနိန်မလုန်း။ 32 မိမိရဲ့ သားတော်ရင်းဟို မနှမြောဘဲ ငါလို့ ဆိသမျှအဖို့ စွန့်သောသူဟ၊ ငါလို့အတွက် သားတော်ဟို ပူဇော်သောသူဟ အရာခပ်သိမ်းဟို ငါလို့အား အလကားကား မပေးဘဲ နေမလော။ 33 ဘုရားသခင် ရွေးချယ်သောသူလို့ဟို စသူဟ အပစ်တင်မလုန်း၊ သူလို့ဟို အပစ်မဆိဟု ကြေညာသူဟ ဘုရားသခင်တတ်တိုင်း ဖြစ်အယ်။ 34 အေးကျောန့် အပစ်စီရင်သောသူဟ စသူလုန်း။ အသေခံတာ သာမက ထမြောက်သော ခရစ်တော် ယေရှုဟ ဘုရားသခင်ရဲ့ လက်ယာဘက်တွင် နေယွေ့ ငါလို့အတွက် အသနားခံပေးသောသူဟ ခရစ်တော်ပင် ဖြစ်အယ်။ 35 ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငါလို့ဟို စသူ ကွာစေနိန် မလုန်း။ ဆင်းရဲခြင်း၊ ကျဉ်းကျပ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နဲ့ တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း စတာလို့လော။ 36 ကျမ်းစာလာတာဟ
"ကိုယ်တော်အတွက် ငါလို့ဟ အစဉ်မပြတ် သေခြင်းဘေးဟို ခံရကြပါအယ်။
သတ်ဖို့ရာထားလဲ့ သိုးလိုမျိုး ငါလို့ဟို သူတပါး မှတ်တတ်ကြအယ်" ဟု ဖြစ်အယ်။
37 မဟုတ်ပါ။ အေးအရာအားလုံးလို့တွင် ငါလို့ဟို ချစ်သောသူအားဖြင့် အောင်မြင်လျက် ဆိအယ်။ 38 အကျောန်းမှာ သေခြင်း ဖြစ်စေ၊ အသက်ဆှင်ခြင်း ဖြစ်စေ၊ ခေါန်းခင်တမန် ဖြစ်စေ၊ တခြားခေါန်းခင်မှာ အုပ်ချုပ်သူများ ဖြစ်စေ၊ အခုကာလ ဖြစ်စေ၊ အနာဂတ်ကာလ ဖြစ်စေ၊ တခြား အာဏာတန်ခိုး ဖြစ်စေ၊ 39 အထက်အရာ ဖြစ်စေ၊ အောက်အရာ ဖြစ်စေ၊ ဖန်ဆင်းထားသော စလိုအရာပင် ဖြစ်စေ၊ ငါလို့ သခင် ခရစ်တော် ယေရှုအားဖြင့် ခံရသော ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ငါလို့ဟို မကွာစေနိန်ဟု ငါဟ အမန် သိအယ်။