10 ပစာကို့ ပညတ်တရား အလုံးစုံဟို စောင့်ထိန်းသော်လည်း တပါးဟို မားရင် ပညတ်တရား အလုံးစုံဟို ကျူးလွန်ရာ ရောက်အယ်။ 11 အကျောန်းမှာ "အိုင်ထောင်ရေး ဖောက်ပြန်မှုဟို မကျူးလွန်ရ" ဟု ပညတ်သောသူဟ "လူ မသတ်ရ" ဟု ပညတ်အယ်။ အဲလိုမို့ နင်ဟ အိုင်ထောင်ရေး ဖောက်ပြန်မှုဟို မကျူးလွန်သော်လည်း လူသတ်ရင် ပညတ်တရားဟို ဖောက်ဖျက်ကျူးလွန်သူ ဖြစ်အယ်။ 12 အဲကျောန့် လွတ်လပ်ခြင်းနဲ့ဆိုင်သော တရားတော်အားဖြင့် စီရင်ခြင်း ခံရမဲ့သူများလို ပြောဆိုကျင့်ကြံကြလော့။
Publicidade