17 ယုံကြည်ခြင်းဟလည်း အဲတိုင်းတိုင်း ဖြစ်အယ်။ အကျင့်နဲ့ ကင်းသော ယုံကြည်ခြင်းဟ တပါးတည်းဆိသောကျောန့် အသေ ဖြစ်အယ်။
18 အားပေမဲ့ "နင်နှိုက် ယုံကြည်ခြင်း ဆိယွေ့ ငါနှိုက် လုပ်ဆောင်မှု ဆိအယ်" ဟု အချို့သောသူဟ ပြောဆိုလိမ့်မယ်။ အဲလိုမို့ အကျင့်ကင်းသော နင်ရဲ့ ယုံကြည်ခြင်းဟို ငါ့အား ပြလော့။ ငါဟလည်း ငါရဲ့ အကျင့်အားဖြင့် ငါရဲ့ ယုံကြည်ခြင်းဟို နင့်အား ပြမယ်။ 19 ဘုရားသခင် တဆူတည်း ဆိကျောန်းဟို နင်ဟ ယုံကြည်အယ်။ ကောင်းအယ်။ နတ်ဆိုးလို့ပင် ယုံကြည်ယွေ့ ကြောက်ရွံ့တုန်လှုပ်ကြအယ်။ 20 အချင်း လူမိုက် အကျင့်ကင်းသော ယုံကြည်ခြင်းဟ အကျိုးမဆိကျောန်း၂.၂၀ အကျိုးမဆိကျောန်း၊ အချို့ လက်ရေးမူကျမ်းများတွင် သေခြင်းအကျောန်း၊ ဟု ပါဆိအယ်။ နင် သိလိုသလော။ 21 ငါလို့အဖ အာဗြဟံဟ ဘုရားသခင်နဲ့ မန်ကန်မှုဟို စလို ရဆိနိန်မှာလုန်း။ သူဟ မိမိသား ဣဇက်ဟို ပလ္လင်ပေါ်တွင် ပူဇော်သောအခါ အကျင့်အားဖြင့် ရဆိအယ်။ 22 သူရဲ့ ယုံကြည်ခြင်းဟ အကျင့်နဲ့ အတူဆိနေတာဟို နင် မသိမမျော်သလော၊ အကျင့်အားဖြင့် သူရဲ့ ယုံကြည်ခြင်းဟို ပြေ့ဝစုံလင်ယွေ့ လာအယ်။ 23 အဲအခါ "အာဗြဟံဟ ဘုရားသခင်ဟို ယုံကြည်သဖြင့် အဲယုံကြည်ခြင်းဟို သူရဲ့ ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်အယ်" ဟူသော ကျမ်းစာချက်ဟ ပြေ့စုံခြင်းဟို ရောက်အယ်။ အာဗြဟံဟလည်း ဘုရားသခင်ရဲ့ မိတ်ဆွေဟု ခေါ်ခြင်းဟို ခံရအယ်။ 24 လူဟ ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာဟို ရောက်တာ မဟုတ်၊ အကျင့်အားဖြင့် ရောက်တာဟို နင်လို့ သိမျော်ရကြအယ်။
25 အဲတိုင်းတိုင်း ပြေ့တန်ဆာ ရာခပ်ဟ ဣသရေလ သူလျှိုလို့ဟို ကြိုဆို လက်ခံပင်းနောက် အခြားသောလမ်းဖြင့် ထွက်သွားနိန်ရန် ကူညီပေးခဲ့ပင်း သူမရဲ့ အကျင့်အားဖြင့် ဖြောင့်မတ်ရာဟို ရောက်တာ မဟုတ်လော။
26 အဲကျောန့် ဝိညာဉ်နဲ့ ကင်းသော ကိုယ်ခန္ဓာဟ အသေဖြစ်သလို အကျင့်နဲ့ ကင်းသော ယုံကြည်ခြင်းဟလည်း အသေဖြစ်အယ်။