5 အဲတိုင်းတိုင်း လျှာဟလည်း ကတစ်သော အင်္ဂါအစိတ်အပိုင်း ဖြစ်သော်လည်း ရမ်းဆာ့ ဝါကြွားတတ်အယ်။
ရမ်းဆာ့ကြီးသော သစ်တောဟို ကတစ်သော မီးဟ လောင်ကျွမ်းစေနိန်တာဟို စဉ်းစားကျေ့လော့။ 6 လျှာဟ မီးနဲ့ တူယွေ့ အပစ်ဒုစရိုက်ဖြင့် ပြေ့ဝသော လောက ဖြစ်အယ်။ ၎င်းဟ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုအဖြစ်ဖြင့် တည်ဆိကာ၊ ငါလို့ရဲ့ ကိုယ်ခန္ဓာ တခုလုံးဟို အပစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေအယ်။ လျှာဟ ငရဲမှ ရဆိလဲ့ မီးဖြင့် ငါလို့ရဲ့ ဖဝါ့တခုလုံးဟို လောင်ကျွမ်းစေတတ်အယ်။