လောကနဲ့ မိတ်ဆွေဖွဲ့ခြင်း
1 နင်လို့တွင် ဆိသော စစ်တိုက်ခြင်းနဲ့ ခိုက်ရန်ဖြစ်ခြင်းလို့ဟ ပစာကျောန့် ဖြစ်လာကြလုန်း။ နင်လို့ထဲနှိုက် ပြိုင်ဆိုင် တိုက်ခိုက်နေကြလဲ့ နင်လို့ရဲ့ ကာမဂုဏ် ခံစားလိုသောစိတ်မှ ဖြစ်လာကြတာ မဟုတ်လော။ 2 နင်လို့ဟ မိမိလို့ အလိုဆိသောအရာများဟို မရနိန်သဖြင့် လူ့အသက်ဟို သတ်ရန် အသင့်ဆိကြအယ်။ မိမိလို့ ရမ်းဆာ့ လိုလားတောင့်တလဲ့ အရာများဟို မရနိန်သဖြင့် အငြင်းပွားကြအယ်။ နင်လို့ လိုလားသောအရာဟို မရဆိကြလဲ့ အကျောန်းမှာ ဘုရားသခင်ဆေဟို မတောင်းဆှောက်ကြသောကျောန့် ဖြစ်အယ်။