ဘုရားသခင်ဟှာ လန်းရောန်ဖြစ်ဟှူကြောန်း
5 ဘုရားသခင်ဟှာ လန်းရောန်ဖြစ်ဟှယ်။ ကိုယ်တော်မာ မှောန်လောင်းဝ မှေ့ဟှ ဆိုဘီး တရားစကားဟှို နို့လေဟှာ ကိုယ်တော်ရဲ့ သားတော်နားဟှနေ ကြားရသိရဟှူကြောန့် နန်းနို့ဟှို ကြေညာဟှယ်။ 6 အယ်ကြောန့် နို့လေဟှာ ကိုယ်တော်န မိတ်သဟာယဖွဲ့ ရဂေ့ဟှယ် ဆိုဘီး မှောန်ထဲမာ ကျင်လည်နေဂေ့ဇာဟှာ နို့လေဟှာ လီညာပြောဆိုဟှူ သူဖြစ်ဘီး သမ္မာတရားဟှို ကျင့်နေဂေ့ဇာ မှုဟှ။ 7 ကိုယ်တော်ဟှာ လန်းရောန်ထဲမာ ရှိနေမျိုးဘဲ့ နို့လေဟှာ လန်းရောန်ထဲမာ ကျင်လည်ဂေ့ဟှူကြောန့် ရှင်းရှင်း ယော့-က်နယော့-က် မိတ်သဟာယ ဖွဲ့ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ သားတော် သခင်ယေရှုရဲ့ သွီးတော်ဟှာ နို့လေရဲ့ ပြစ်ဂူလောင်းဟှနေ စင်ကြယ်စေဟှယ်။