ပညတ်တော်သစ်ကြောန်း
7 ၂.၇ ယော ၁၃.၃၄ ရှစ်ရဟှူသူလေ၊ နန်းနို့နားဟှို ငါရေးလိုက်ဟှူစာလေဟှာ ပညတ်တော်သစ် မှုဟှ။ စစဒူးဟှ နန်းနို့ရဟှားဟှူ ပညတ်ဟောန်းဘဲ့ ဖြစ်ဟှယ်။ အယ်ပညတ်တော်ဟောန်းဟှာ နန်းနို့ကြားရဟှူ တရားတော်ဘဲ့ ဖြစ်ဟှယ်။ 8 အယ်ဘေမဲ့ ခုနန်းနို့ဟှို ငါရေးပေးလိုက်ဟှူ ပညတ်တော်ဟှာ သစ်ဖြစ်ဟှယ်။ အယ်မျိုး မှန်ဖြစ်ဟှူကြောန်း ခရစ်တော်နရော၊ နန်းနို့နရော၊ သစ်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ မှောန်ဟှာရွေ့လျားကွယ်ပျော့-က်ဟှားဘီး စစ်မှန်ဟှူ လန်းရောန်ဟှ ပေါ်လာကြောန့် ဖြစ်ဟှယ်။