ဘုရားသခင်ရဲ့ သားမီးလေကြောန်း
1 ၃.၁ ယော ၁.၁၂ နို့လေဟှာ ဘုရားသခင်ရဲ့ သားမီးလေ ဆိုဘီး ခေါ်ခံရဟှူခွမ့်ဟှို ရဂေ့ဟှူကြောန့် နို့လေဟှို ဖဘုရားဟှာ ဖယ်မျှလော့-က် ရှစ်နူးဆိုဟှာ ဆင်ခြင်ဂေ့ပါ။ နို့လေဟှာ တကယ်ဘဲ့ ဘုရားသခင်ရဲ့ သားမီးလေ ဖြစ်ဂေ့ဟှယ်။ အယ်ကြောန့် အယ်လောကသားလေဟှ နို့လေဟှို သိဟှ။ ဖဟှိုလည်း သိဟှ။