10 နို့လေဟှာ ဘုရားသခင်ဟှိုရှစ်ဇာ မှုဟှ။ ဘုရားသခင်ဟှဘဲ့ နို့လေဟှို ရှစ်ဘီးဟှာ နို့လေဟှာ ပြစ်ဖြေလွှတ်ခံရဘီး ပူဇော်ဆစ်ကပ်ဟှူဖြစ်န သူ့ရဲ့ သားတော်ဟှို စေလွှတ်လိုက်ဇာမာ ရှစ်ရှင်းမြစ်တာရှိဟှယ်။
11 ရှစ်ရဟှူသူလေ၊ ဘုရားသခင်ဟှာ နို့လေဟှို အယ်မျှလော့-က်ရှစ်ဟှယ် ဆိုဇာဟှို မှန်ဟှယ် ဆိုဟှာ နို့လေဟှလည်း ရှင်းရှင်းရှစ်ရမယ်။ 12 ၄.၁၂ ယော ၁.၁၈ဘုရားသခင်ဟှို ဖယ်သူလည်း ဗြင်ရဘေမဲ့ နို့လေဟှာ ရှင်းရှင်းရှစ်မယ် ဆိုဟှာ ဘုရားသခင်ဟှာ နို့လေမာတည်နေဘီး ဘုရားသခင်ရဲ့ ရှစ်ရှင်းမြစ်တာဟှာ နို့လေမာလည်း ပ္လဲ့ဇောင်လေဟှယ်။