ဘုရားသခင်ဟှာ ရှစ်ရှင်းမြစ်တာဖြစ်ကြောန်း
7 ရှစ်ရဟှူသူလေ၊ နို့လေဟှာ ရှင်းရှင်းရှစ်ဂေ့ဇို့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရှစ်ရှင်းမြစ်တာဟှာ ဘုရားသခင်န ဆိုင်ဟှူကြောန့် ရှစ်တတ်ဟှူလူဟှာ ဘုရားသခင်ဟှနေ ပေါ့-က်လာဟှူ သားမီးလေဖြစ်ဟှယ်။ ဘုရားသခင်ဟှိုသိဟှူ လူလည်းဖြစ်ဟှယ်။