9 နို့လေဟှာ သားတော်အားဖြင့် သတ်ရှင်ဟှို့တွပ် ဘုရားသခင်ဟှာ သူ့ရဲ့ တပါးဒဲဖြစ်ဟှူ သားတော်ဟှို အယ်လောကဟှို စေလွှတ်လိုက်ဇာဟှာ နို့လေဟှို ရရာတိုင်းရှစ်ဟှူ မြစ်တာတော်ဟှာ ထန်ရှားနေဟှယ်။ 10 နို့လေဟှာ ဘုရားသခင်ဟှိုရှစ်ဇာ မှုဟှ။ ဘုရားသခင်ဟှဘဲ့ နို့လေဟှို ရှစ်ဘီးဟှာ နို့လေဟှာ ပြစ်ဖြေလွှတ်ခံရဘီး ပူဇော်ဆစ်ကပ်ဟှူဖြစ်န သူ့ရဲ့ သားတော်ဟှို စေလွှတ်လိုက်ဇာမာ ရှစ်ရှင်းမြစ်တာရှိဟှယ်။