12 ယောင်ကြည်ဘဲဟှူ လူမျိုးခြားလေဟှာ နန်းနို့လေဟှို ကောန်းဘဲဟှူမှုလေဟှို လောက်ဟှူသူလေ ဆိုဘီး ပြစ်တန်စွန့်စွဲဘီး နေဟှူလည်းဘဲ့ ဘုရားသခင်စီရင်တော်မူဟှူ နေ့ရစ်မာ နန်းနို့လေရဲ့ ကောန်းဟှူကျင့်ဟှို ဗြင်ဟှူကြောန့် ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှို့တွပ် သူးနို့ရှေ့မာ တင့်တယ်သင့်မြတ်အောန် ကျင့်နေဂေ့ပါ။
13 သခင်ဘုရားရဲ့ မျစ်နှာတော်ဟှို ထော့-က်ဘီး အာဏာပိုင်လေရဲ့ အောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။ မန်းဂီးရဲ့ ချောက်ခြာအာဏာဟှိုဘဲ့ ဖြစ်ဖြစ်၊ 14 ဒုစရိုက်လောက်ဟှူသူလေဟှို ပြစ်ဒန်ပေးဘီး ကောန်းဟှူကျင့်ဟှို ကျင့်ဟှူ လူကောန်းလေဟှို ချီးမွမ်းဂေါင်ပြုဟှို့တွပ် မန်းဂီးခန့်ဟှားဟှူ ဝန်ဂီးလေဟှို နာခံဂေ့ပါ။