လန်န မယားကြောန်း
1 ၃.၁ ဧ ၅.၂၂; ကော ၃.၁၈ အယ်မျိုးဘဲ့ မယားဖြစ်ဟှူသူလေ ကိုယ့်လန်ရဲ့ အောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။ အယ်နည်းအားဖြင့် နန်းနို့လေမာ ဘုရားသခင်ရဲ့ စကားတော်ဟှို ယောင်ကြည်ဘဲဟှူ လန်လေရှိဟှယ် ဆိုဟှာ နန်းနို့လေရဲ့ ရိုသေကြော့-က်ရွံ့မှုန သန့်ရှင်းစင်ကြယ်ဟှူ သတ်တာအားဖြင့် ယောင်ကြည်လာဂေ့လေ့မယ်။ 2 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ သန့်ရှင်းစင်ကြယ်ဘီး ဖယ်လော့-က် စိထားဖ္လူစင်ရှင်းန ဘုရားတရားဟှို ကြော့-က်ရွံ့ရိုသေရှင်းဟှို သူးနို့လေ ဗြင်တွိရဟှူကြောန့် ဖြစ်ဟှယ်။ 3 ၃.၃ ၁ တိ ၂.၉နန်းနို့လေရဲ့ လှပပြင်ဆင်ရှင်းဟှာ ဆားဗန်ကျစ်ရှင်း၊ ရွှေတန်ဆာဆင်ရှင်း၊ ဝတ်စားဆင်ရှင်းလေဖြစ်ဟှူ ပ္လန်ပန်းဆင်ရင်မှုလေ ဖြစ်စေဘဲန၊ 4 နူးညံ့သီမွေ့ဘီး တည်ငြိမ်ဟှူ စိသဘောဖြစ်ဟှူ ဖော့-က်ပ္လန်ပျစ်စီးရှင်းန ကင်းဟှူ၊ စိနှလောင်းနဆိုင်ဟှူ ထဲဟှဝိညာဉ်လူရဲ့ တန်ဆာဆင်ရှင်း ဖြစ်စေဂေ့ပါ။ အယ်မျိုးဇာဟှ ဘုရားသခင်ရဲ့ ရှေ့တော်မာ ရရာတိုင်း ဖိုးကီးဇာ ဖြစ်ဟှယ်။ 5 ဘုရားသခင်ဟှို မျှော်လင့်ကိုးစားဟှူ ရှေးကာလဟှ သန့်ရှင်းဟှူ မီးမလေလည်း အယ်မျိုးဘဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ဘီး စာရာဟှာ အာဗြဟံဟှို သခင် ဆိုဘီး ခေါ်ဘီး နာခံဟှူမျိုး ကိုယ့်ရဲ့ လန်လေဟှို နာခံဂေ့ပါ။ 6 နန်းနို့လေဟှာ ဖယ်မျိုးမှုရာလေဟှိုမှ ကြော့-က်ရွံ့ဘဲန ကောန်းဟှူ ကျင့်ဟှို ကျင့်မယ် ဆိုဟှာ စာရာရဲ့ သားမီးလေ ဖြစ်ဂေ့လေ့မယ်။