10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာလာဟှူဇာဟှ၊
"သတ်ရှင်ဇာဟှို နှစ်သက်ဘီး
ကောန်းဟှူနေ့ရစ်ဟှို ဗြင်တွိရှင်ဟှူ သူဟှာ
ကိုယ့်ရဲ့လျှာဟှို ချောက်တီးရမယ်။
ကိုယ့်ရဲ့နှောက်ဟှိုလည်း ချောက်တီးဘီး မုသားဟှို ပြောဇေန။
11 ကောန်းဘဲဟှူ ဒုစရိုက်ဟှိုရှောန်ဘီး ကောန်းဟှူ သုစရိုက်ဟှို ပြုရမယ်။
သင့်သင့်တင့်တင့် နေထိုင်ဘီး ငြီးချမ်းမှုတွပ် ကြိုးစားရမယ်။