ပ္လောန်းလည်းဟှူ ဘဝကြောန်း
1 ခရစ်တော်ဟှာ ကိုယ်ခန္ဓာတော်နှိုက် နို့လေတွပ် ခံတော်မူဟှူကြောန့် နန်းနို့လေလည်း အယ်မျိုးသဘောဟှို လတ်နတ်ဖြစ် သောင်းစွဲဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်ခန္ဓာနှိုက် ဝေဒနာခံဟှူသူဟှာ ပြစ်နပြတ်စဲဟှားဘီ ဖြစ်ဟှယ်။ 2 အယ်ဇာဟှ ကိုယ်ခန္ဓာနှိုက် သတ်ရှင်ရမယ့် ကျန်နေဟှူ ခီကာလဟှို လူလေရဲ့ တပ်မတ်ရှင်းအားဖြင့် မှုဘဲန ဘုရားသခင်ရဲ့ လိုတော်အားဖြင့် သတ်ရှင်နိုင်ဟှို့တွပ် ဖြစ်ဟှယ်။ 3 လူမျိုးခြားလေရဲ့ လိုဟှိုလိုက်ဘီး ညစ်ညူးဟှူ ကာမလိုက်စားရှင်းလေ၊ တတ်မတ်ရှင်းလေ၊ ယစ်မောရှင်းလေ၊ ပျော်လွန်ကျူရှင်းလေ၊ သော့-က်စားကြူးရှင်းလေ၊ အဓမ္မရောက်ထုဟှို ကိုးကွယ်ရှင်းလေဟှို ကျင်လည်ဘီးဟှူ ပီးဟှားဟှူ ခီကာလဟှာ နန်းနို့လေတွပ် တော်လောက်ပါဟှယ်။ 4 ခုခီမာ နန်းနို့လေဟှာ သူးနို့လေနတူးဒူ ဆစ်ဆံဘဲန၊ ကာမဂေါင်မာ လွန်ကြူးညစ်ညူးမှု ပြုဘဲန နေဇာဟှို သူးနို့လေဟှာ အံ့သြဘီး ကဲ့ရဲ့တတ်ဂေ့ဟှယ်။ 5 အယ်မျိုးလောက်ဟှူကြောန့် သူးနို့လေဟှာ သတ်ရှင်ဟှူ သူလေန သေဟှူသူလေဟှို တရားစီရင်ဟှို့တွပ် သင့်ရှိတော်မူဟှူ ဘုရားသခင်နားမာ စစ်ဆေးစီရင်ရှင်းဟှို ခံရဂေ့လေ့မယ်။