ဘုရားသခင်ရဲ့ သိုးစုကြောန်း
1 သင်းတော်လူဂီး တယော့-က်ဖြစ်ဘီး ခရစ်တော်ရဲ့ ဆင်းရဲဒေါက်ခ ဝေဒနာလေဟှို တွိဗြင်ရဟှူ သတ်သေခံဟှူသူန ထန်ရှားလာမယ့် ဖောင်းသရေတော်ဟှို မျှဝီခံစားဟှူသူဖြစ်ဟှူ ငါပေတရုဟှာ နန်းနို့မာရှိဟှူ လောက်ဖော်ဆောန်ဖတ်လေဖြစ်ဟှူ သင်းတော်လူဂီးလေဟှို တိုက်တွန်းနှိုးဆော်ပါဟှယ်။ 2 ၅.၂ ယော ၂၁.၁၅–၁၇နန်းနို့မာရှိဟှူ ဘုရားသခင်ရဲ့ သိုးစုလေဟှို အောက်ထီးဟှူမှုမာ တာဝန်ရမှုဘဲ ဘုရားသခင်ရဲ့ လိုတော်တိုင်း စိအားထတ်သန်ဘီး ဝန်းသာရှင်းအားဖြင့် စောန့်ထီးဂေ့ပါ။ စင်ကြယ်ဘဲဟှူ ကျိုးစီးပွားဟှို တတ်မတ်ဟှူကြောန့်မှုဘဲ စေတနာစိအားဖြင့် ကေ့ရှုအောက်ထီးဂေ့ပါ။ 3 နန်းနို့ သီးသီးအောက်ချောက်ဟှူ သင်းတော်လေဟှို အာဏာသောင်းဘီး စိုးတရပြုရှင်းမှုဘဲ၊ သိုးစုလေရှေ့မာ ပေါင်သတ်သေကောန်းဟှူသူ ဖြစ်စေဂေ့ပါ။