2 ၅.၂ ယော ၂၁.၁၅–၁၇နန်းနို့မာရှိဟှူ ဘုရားသခင်ရဲ့ သိုးစုလေဟှို အောက်ထီးဟှူမှုမာ တာဝန်ရမှုဘဲ ဘုရားသခင်ရဲ့ လိုတော်တိုင်း စိအားထတ်သန်ဘီး ဝန်းသာရှင်းအားဖြင့် စောန့်ထီးဂေ့ပါ။ စင်ကြယ်ဘဲဟှူ ကျိုးစီးပွားဟှို တတ်မတ်ဟှူကြောန့်မှုဘဲ စေတနာစိအားဖြင့် ကေ့ရှုအောက်ထီးဂေ့ပါ။ 3 နန်းနို့ သီးသီးအောက်ချောက်ဟှူ သင်းတော်လေဟှို အာဏာသောင်းဘီး စိုးတရပြုရှင်းမှုဘဲ၊ သိုးစုလေရှေ့မာ ပေါင်သတ်သေကောန်းဟှူသူ ဖြစ်စေဂေ့ပါ။ 4 အယ်မျိုးဆိုဟှာ သိုးထီးဂီး ပေါ်ထွပ်လာဟှူ ခီမာ နန်းနို့လေဟှာ ညှိုးနွမ်းတတ်ဘဲဟှူ၊ ဖောင်းကီးဟှူ ပန်းဦးရစ်သရဖူဟှို ရဂေ့လေ့မယ်။
5 အယ်မျိုးဘဲ သတ်ငယ်ဟှူသူလေ၊ လူဂီးလေရဲ့ စကားဟှို နားထောန်ဂေ့ပါ။ နန်းနို့ရှင်းရှင်း တယော့-က်အော့-က်ယော့-က် စိနှိခ္လရှင်းတန်ဆာဟှို ဆင်ယင်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ "မာနထောန်လွှားဟှူ သူလေဟှို ဘုရားသခင်ဟှာ ဆီးတားဘီး စိနှိခ္လဟှူသူလေဟှို ကျေးဇူးပြုတော်မူဟှယ်။"