5 အယ်မျိုးဘဲ သတ်ငယ်ဟှူသူလေ၊ လူဂီးလေရဲ့ စကားဟှို နားထောန်ဂေ့ပါ။ နန်းနို့ရှင်းရှင်း တယော့-က်အော့-က်ယော့-က် စိနှိခ္လရှင်းတန်ဆာဟှို ဆင်ယင်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ "မာနထောန်လွှားဟှူ သူလေဟှို ဘုရားသခင်ဟှာ ဆီးတားဘီး စိနှိခ္လဟှူသူလေဟှို ကျေးဇူးပြုတော်မူဟှယ်။" 6 ၅.၆ မ ၂၃.၁၂; လု ၁၄.၁၁; ၁၈.၁၄အယ်ကြောန့် ခီတန်ဟှယ် ဆိုဟှာ နန်းနို့လေဟှို ချီးမြော့-က်ဟှို့တွပ် ဘုရားသခင်ရဲ့ ဖောင်းကီးဟှူ လတ်တော်အော့-က်မာ ကိုယ့်ကိုယ်ကိုယ် နှိခ္လဂေ့ပါ။