15 ၄.၁၅ ၁ ကော ၁၅.၅၁,၅၂ သခင်ဘုရားရဲ့ ဗျာဒိတ်တော်အားဖြင့် နော့-က်ထပ်ငါပြောဟှူဇာဟှ သခင်ဘုရားကြွလာဟှူ ခီမာ သတ်ရှင်ဘီး ရှိနေဟှူနို့လေဟှာ သေဟှားဘီးသူလေထတ် ရင်ဦးဆောန်း နေရာက္လလေ့မယ်မှုဟှ။ 16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကြွေးကြော်ဟှူသံ၊ ကောန်းဂန်တမန်မန်းရဲ့သံ၊ ဘုရားသခင်ရဲ့ တံပိုးမှုဟှူသံလေနတူးဒူ သခင်ဘုရားကိုယ်တိုင် ကောင်းဂန်ဘောင်ဟှ ဆင်းကြွလာဘီး ခရစ်တော်နှိုက် သေဟှားဘီးသူလေဟှာ ရင်ဦးဆောင်း ထမြော့-က်ဂေ့လေ့မယ်။ 17 အယ်ခီမာ သတ်ရှင်ဘီး ကျန်နေဟှူနို့လေဟှာ အာကာသကောန်းဂန်ထတ်မာ သခင်ဘုရားန တွိဆောင်ဟှို့တွပ် အယ်သူလေနတူးဒူ မိုးတီထတ်ဟှို ခီဆောန်ခံရဘီး သခင်ဘုရားနတူးဒူ မြဲဒမ်းနေရဂေ့လေ့မယ်။ 18 အယ်ကြောန့် အယ်မူစကားအားဖြင့် ယော့-က်နယော့-က် တိုက်တွန်းအားပေးဂေ့ပါ။
Publicidade