သခင်ဘုရားကြွလာဟှို့တွပ် ဆင်သင့်ရှိနေဟှို့ကြောန်း
1 ညီကို မောန်နှမလေ အယ်မူမှုရာလေ ဖြစ်ပျစ်လာမယ့် ခီကာလကြောန်းဟှို နန်းနို့လေဟှို ရေးဘီးပေးလိုက်ဇာကြောန်းမှေ့ဟှ။ 2 ၅.၂ မ ၂၄.၄၂; လု ၁၂.၃၉; ၂ ပေ ၃.၁၀ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခိုးဟှာ ညဉ့်ဖတ်ဟှို လာတတ်ဟှူမျိုး သခင်ဘုရားရဲ့ နေ့ရစ်ဟှာ လာလေ့မယ် ဆိုဇာဟှို နန်းနို့ ကောန်းကောန်းသိဂေ့ဟှယ်။ 3 လူလေဟှာ "ငြီးချမ်းဟှားဘီ၊ လောင်ခြောင်ဟှားဘီ" ဆိုဘီး ပြောနေဟှူ ခီမာဘဲ့ ဗိုက်ပိုက်နေဟှူမီးမမာ သားမွီးဟှူဝေဒနာ က္လရော့-က်လာဟှူမျိုး သူးနို့ထတ်မာ ရရာတိုင်း ဗြန်ဟှူပျစ်စီးမှုဟှာ ရောက်တရစ် က္လရော့-က်လာဟှူကြောန့် သူးနို့လေဟှာ လောင်းဝလွတ်နိုင်ဟှို့ မှုဟှ။