4 အယ်ဘေမဲ့ ညီကို မောန်နှမလေ နန်းနို့လေဟှာ မှောန်မိုက်ထဲမာရှိနေဇာမှုဘဲကြောန့် အယ်နေ့ရစ်ဟှာ ခိုးလာဟှူမျိုး နန်းနို့နားဟှို ရော့-က်လာဟှို့ကြောန်း မှေ့ဟှ။ 5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဂူလောင်းဟှာ လန်းရောန်ရဲ့ သားလေ၊ နေ့ရဲ့ သားလေ ဖြစ်ဂေ့ဟှယ်။ ညဉ့်ရဲ့ သားလေ၊ မှောန်မိုက်ရဲ့ သားလေ မှုဟှ။ 6 အယ်ကြောန့် တခြားသူလေ အိမွိနေဂေ့ဟှူမျိုး နို့လေအိမွိဘဲ နိုးနိုးကြားကြားန သမ္မာဒိရှိရှိ စောန့်နေဂေ့ဇို့။ 7 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အိမွိဟှူ သူလေဟှာ ညဉ့်ဖတ်မာဘဲ့ အိမွိတတ်ဂေ့ဟှယ်။ ယစ်မော သော့-က်စားသူလေလည်း ညဉ့်ဖတ်မာဘဲ့ ယစ်မောတတ်ဂေ့ဟှယ်။ 8 ၅.၈ ဧ ၆.၁၃–၁၇အယ်ကြောန့် နို့လေဟှာ နေ့ရဲ့ သားလေဖြစ်ဟှူကြောန့် ယောင်ကြည်မှုန ရှစ်ရှင်းမြစ်တာဖြစ်ဟှူ ရင်ဖတ်ကာဟှို ဝတ်ဆင်ဘီးဟှာ ကယ်တန်ရှင်းဟှို ရော့-က်ဟှို့တွပ် မျှော်လင့်ရှင်းဖြစ်ဟှူ သံခမှော့-က်လောင်းဟှို ဝတ်ဆင်ဘီး သမ္မာဒိရှိရှိန နေဂေ့ဇို့။ 9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မျစ်တော်ဟှို ခံရဟှို့တွပ် ဘုရားသခင်ဟှာ နို့လေဟှို ဝီးကော့-က်ဟှားဇာ မှုဟှ။ နို့လေဟှာ သခင်ယေရှု ခရစ်တော်အားဖြင့် ကယ်တန်ရှင်းဟှို ပိုင်ရဟှို့တွပ် ဝီးကော့-က်ခံရဇာဖြစ်ဟှယ်။
Publicidade